ByeeTharaPic

 

အက္ခရာ

          အ  အာ  အိ   အီ ၊ ကကြီး   ခခွေး ဆိုသော စာလုံးများကို  ပါဠိလို  အက္ခရာ ခေါ်သည်။ ရေး၍ သုံး၍ ကုန်ခမ်းသွားသည်ဟု မရှိသောကြောင့်  အက္ခရာဟု ခေါ်သည်။  အက္ခရာ၏ အဓိပ္ပါယ်ကို  မပျက်စီးသည် ။  စာလုံး ။  ကမ္ပည်းစာ  ဟူ၍  ဦးဟုတ်စိန်ပြုစုသော  ပါဠိ ၊ မြန်မာ အဘိဓာန်တွင် ဖွင့်ဆိုသည်။ အက္ခရာကို  သရ နှင့် ဗျည်း နှစ်မျိုးခွဲခြားသည်။ မြန်မာစာတွင်  အက္ခရာအမည်ရသော  အတိုရေးသင်္ကေတ  (၃) ခုရှိသည်။ အက္ခရာ ၊  အက္ခရာ    နှင့်  အက္ခရာ   ဟူ၍ ဖြစ်သည်။

Source: နှာ-၁၇၊ မြန်မာစာသင်ကြားရေး (မူလတန်း)  -  ဦးသန်းထွတ်

သရ

မည်သည့် ဘာသာ၌ဖြစ်စေ သရဟူသည် အခြားပစ္စည်း အကူအညီမပါဘဲ  သူ့ချည်းသက်သက် အသံထွက်၍ရသော အက္ခရာဝဏ္ဏတို့ကို ခေါ်သည်။

ဗျည်း

ဗျည်းဟူသည် သူ့ချည်းသက်သက် အသံထွက်၍ မရ၊ သရနှင့် တွဲမှသာ အသံပီပီသသ ထွက်နိုင်သော အက္ခရာမျိုး ဖြစ်သည်။

သရများ

          သရဆိုသည်မှာ မိမိအလိုအလျောက် အသံဖြစ်နိုင်သော သတ္တိရှိသည့် အက္ခရာဖြစ်သည်။ မြန်မာအဘိဓာန်တွင် သရကို  အဆုတ်မှ တက်လာသော လေသည် ခံတွင်းရှိစကားသံဖြစ်အင်္ဂါအစိတ်အပိုင်း၏ ပိတ်ဆို့တားဆီးခြင်း မခံရဘဲ  ဖြောင့်ဖြောင့်ဖြူးဖြူးထွက်သွားစဉ် ဖြစ်လာသောအသံ  ဟူ၍အနက်ဖွင့်ထားသည်။ မြန်မာဘာသာ၌ အခြေခံသရအဖြစ် အာအဲသြ ၊  သြော် ၊  အို ဟူ၍ (၁၁) လုံး ။  သင်ရိုးသရအဖြစ် အာအဲသြ ၊  သြော်အံအား  ဟူ၍ (၁၂) လုံးမှတ်ယူကြကြောင်း အဘိဓာန်တွင် ဖွင့်ဆိုထားသည်။

          ထို (၁၂) လုံးသော သရအစဉ်သည် မြန်မာလူမျိုးတို့ မွန်လူမျိုးတို့ထံမှ ရယူခဲ့သော မွန်မြန်မာသင်ရိုးဖြစ်သည်။ ပါဠိစာပေအရ အာအဲသြ ၊  သြော် ဟု သရ (၈)လုံးသာရှိသည်။

Source: နှာ-၁၇၊ မြန်မာစာသင်ကြားရေး (မူလတန်း)  -  ဦးသန်းထွတ်

သရ နှင့် ဗျည်းတို့၏ ရွတ်ဆိုချိန် ကြာမြင့်ကာလ

သရသည်လည်း ရဿ သရ၊ ဒီဃ သရဟု နှစ်မျိုးရှိသည်။ ထိုနှစ်မျိုးတွင် အသံတိုသော သရကို ရဿ သရဟု ခေါ်သည်။ အသံရှည်သော သရကို ဒီဃသရဟု ခေါ်သည်။ ရဿ သရသည် ရွတ်ဆိုသောအခါ တစ်မတြာကြာသည်။ တစ်မတြာဟူသည် မျက်စိတစ်မှိတ် လျှပ်တစ်ပြက်မျှသာ ကြာသောအချိန်ကာလဖြစ်သည်။ ဒီဃသရဟူသည် ရွတ်ဆိုသောအခါ နှစ်မတြာကြာသည်။ နှစ်မတြာဟူသည် မျက်စိနှစ်မှိတ် လျှပ်နှစ်ပြက်မျှကြာသော အချိန်ကာလဖြစ်သည်။

ဗျည်းဟူသည် ရွတ်ဆိုသောအခါ မတြာဝက်မျှသာ ကြာသည်။ မတြာဝက်ဟူသည် ရွတ်ဆိုချိန် အလွန်တိုသောကြောင့် ဗျည်းကို သူ့ချည်းသက်သက် အသံပီပီသသ မထွက်နိုင်၊ သရနှင့် တွဲမှသာ အသံပီပီသသ ထွက်နိုင်သည်။ ထို့ကြောင့် ရဿသ  သရနှင့် တွဲလျှင် တစ်မတြာခွဲ၊ ဒီဃသရနှင့် တွဲလျှင် နှစ်မတြာခွဲကြာသည်။

သံတိုသရ  အ ၊ ဣ ၊ ဥ

သံရှည်သရ   အာ ၊ ဤ ၊ ဦ ၊ ဧ ၊ အဲ ၊ သြ ၊ သြော် ၊ အို

 ဦးညွန့်မောင် (UCL) ---- မြန်မာစာ သင်ပုန်းကြီး အခြေပြု

သင်ပြမှုနည်းပညာ

ဗျည်းအားလုံး၏ နာမည်ကို သိပြီးသောအခါ ငါးလုံးအစုပေါင်း၍ က၊ ခ၊ ဂ၊ ဃ၊ င ဟုဆက်ကာ အသံထွက်နည်းကို သင်ကြားပေးသင့်ပါသည်။ ဆရာထောက်ပြသော ဗျည်းကိုအသံထွက်စေခြင်း၊ အမည်ခေါ်စေခြင်း၊ ဆရာကနာမည်ခေါ် ၊ အသံထွက်ပြသောဗျည်းကို ထောက်ပြစေခြင်းဖြင့် ကလေးတို့တတ်မတတ်၊ သိမသိ၊ မှတ်မိမမှတ်မိကို စစ်ဆေးနိုင်ပါသည်။

ဗျည်းကတ်ပြားများကို အသုံးပြု၍ ခိုင်းသည့်ဗျည်းကို ရှာစေခြင်း၊ ထောင်ပြသည့်ဗျည်းကို အသံထွက်စေခြင်း၊ နာမည်ခေါ်စေခြင်း စသည်ဖြင့် ဆရာနှင့်ကလေး၊  ကလေးအချင်းချင်း  ကစားနည်းဖြင့်  သင်ကြားနိုင်ပါသည်။

ဗျည်းတို့ကို သင်ကြားနေစဉ် လက်ရေးလှလေ့ကျင့်မှုကိုလည်းပူးတွဲသင်ပေးရာသည်။  ဗျည်းတို့၏ ပုံသဏ္ဍန်ခွဲခြားဖတ်ခြင်းကိုလည်း  လေ့ကျင့်ပေးရာသည်၊  သင်ကြားပြီးသမျှ  ဗျည်းတို့ကို  သင်ရိုးဗျည်းအစီအစဉ်အရ ရေးစေလျှင်  အရေးအဆွဲမမှန်၊ အရေးအဆွဲကို  လိုက်ကြည့်၍ပြင်ချိန်မရသဖြင့် လက်ရေးလှညံ့စေသော အကြောင်းတစ်ရပ်ဖြစ်စေသည့်အတွက်  သတိပြုရှောင်ကြဉ်သင့်ပါသည်။

သူငယ်တန်းမြန်မာဖတ်စာပါ  လွယ်ရာမှခက်ရာသို့ စီစဉ်ထားသည့် ဗျည်းများ  ရေးဆွဲပုံဇယားကို  အခြေပြု၍ လက်ရေးလေ့ကျင့်စေသင့်ပါသည်။  က မှ ည အထိ  သင်ရိုးဗျည်းသင်ပြီးချိန်ဝယ်  ဝ၊  ပ၊  ဂ၊  င၊  တ၊  ထ စသည်တို့ကို လေ့ကျင့်စေရပါမည်။

ကျော်လှဝင်း (ပညာရေး)   သူငယ်တန်းမြန်မာစာသင်ပြမှုနည်းပညာ