ကုသိနာရသုတ်(ဒသက) - ဤသုတ်ကား သူတစ်ပါးကို စောဒနာလိုသော စောဒက ရဟန်း ဆင်ခြင်ရမည့် အင်္ဂါငါးပါး နှင့် မိမိသန္တာန်၌ တည်စေရမည့် အင်္ဂါငါးပါးကိိုု ဟောကြားသောသုတ်ဖြစ်သည်။

စောဒကရဟန်း ဆင်ခြင်ရမည့် အင်္ဂါငါးပါးကား -

၁။ ငါသည် နှုတ်အကျင့်စင်ကြယ်ပါ၏လောဟု ဆင်ခြင်ရမည်။

၂။ ငါသည် သီတင်းသုံးဖော်တို့ ၌ အမျက်ကင်းသော မေတ္တာစိတ်သည် ရှေးရှုတည်ပါ၏လောဟု ဆင်ခြင်ရမည်။

၃။ ငါသည် အကြား၊ အမြင်များပါ၏လောဟု ဆင်ခြင်ရမည်။

၄။ ငါသည် ကိုယ်အကျင့်စင်ကြယ်ပါ၏လောဟု ဆင်ခြင်ရမည်။

၅။ ငါသည် ပါတိမောက်နှစ်မျိုးကို အကျယ်အားဖြင့် နှုတ် ၌ရရှိပါ၏လောဟု ဆင်ခြင်ရမည်။

        ဤကားဆင်ခြင်ရန် ငါးပါးဖြစ်သည်။

စောဒကရဟန်း မိမိသန္တာန်၌ တည်စေရမည့် အင်္ဂါငါးပါးကား -

၁။ သင့်လျော်သောအခါ၌ ငါပြောဆိုမည်၊ မသင့်လျော်သောအခါ၌ ငါပြောဆိုမည်မဟုတ်။

၂။ မှန်သောစကားဖြင့် ငါပြောဆိုမည်၊ မမှန်သောစကားဖြင့် ငါပြောဆိုမည်မဟုတ်။

၃။ သိမ်မွေ့သော စကားဖြင့် ငါပြောဆိုမည်၊ ကြမ်းတမ်းသောစကားဖြင့် ငါပြောဆိုမည်မဟုတ်။

၄။ အကျိုးနှင့်စပ်သောစကားဖြင့် ငါပြောဆိုမည်၊ အကျိုးနှင့်မစပ်သော စကားဖြင့် ငါပြောဆိုမည်မဟုတ်။

၅။ မေတ္တာစိတ်ထားလျက် ငါပြောဆိုမည်၊ ဒေါသစိတ်ထားလျက် ငါပြောဆိုမည်မဟုတ်။

ဤကား မိမိသန္တာန်တည်ရမည့် အင်္ဂါ ငါးပါးဖြစ်သည်။

Ref: နှာ - ၃၀၊  မြန်မာစာ၊ မြန်မာမှု၊ သုတ္တန်ရတနာ - ဦးမြတ်ကျော် (မြန်မာစာ အဖွဲ့)

စောဒက - အကြောင်းအကျိုးကိုဖော်ပြ၍ ဆင်ခြေတက်သည်။ (my.wikitionary.org)

ပါတိမောက် ၂-မျိုး။ ဥဒါန်း ။ ပါ။ ၁၃၈။ ဋ္ဌ၊ ၂၇၁ - ၌ အကျယ်ရှု ။

(၁) သြဝါဒ ပါတိမောက် -သဗ္ဗပါပဿ     အကရဏံ ,  စသော သြဝါဒ ကထာ၊

(၂) အာဏာပါတိမောက် - ဝိနည်း ပညတ်တော် သိက္ခာပုဒ်များ ။ 

(http://thupya2008pa.blogspot.sg/2008/12/blog-post_22.html)

Login Form